နိဂုံးချုပ်
ပထမဆုံး စာအုပ်ကို ပြီးအောင် ဖတ်သည့် အတွက် ကျေးဇူးတင်ပါတယ်။ စာအုပ်တစ်အုပ် ဖတ်ဖို့ မလွယ်ကူလှ သလို ဖတ်ပြီးရင်လည်း ပြီးအောင် ဖတ်ဖို့ မလွယ်လှပါဘူး။ စာမျက်နှာ ၁၀၀ ထိပဲ မှန်းခဲ့ပေမယ့် စာမျက်နှာ ၁၄၀ လောက် ဖြစ်သွားပါတယ်။
ဒီစာအုပ်မှာ database နဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ မထည့်ထားဘူး အခြေခံ အဆင့် ကို သာ ထည့်ရေးသား ထားပါတယ်။ Database နဲ့ ပတ်သက်ရင် လေ့လာစရာတွေ အများကြီးပါ။ ERD diagram ကို အသေးစိတ် မရှင်းပြထားပါဘူး ။ စာအုပ်ကို အခြေခံ အကျဆုံး နဲ့ အများကြီး မထည့်ပဲ လိုအပ်ပြီး နားလည် လွယ်အောင် ကြိုးစားပြီး ရေးသားထားပါတယ်။
Database ဆိုသည့် အခါမှာ basic ပိုင်းက လွယ်ပေမယ့် ထပ်ပြီး လေ့လာဖို့ တွေ အများကြီး ရှိပါသေးတယ်။ Database နဲ့ ပတ်သက်ပြီး Database Administrator (DBA) ဆိုသည့် အလုပ် position ဆိုတာ ရှိပါတယ်။ Database ကို design, migration, performance monitoring စသည်ဖြင့် database နဲ့ ပတ်သက်တာတွေကို ကိုယ်တွယ် ရသည့် အပိုင်းပါ။ Database ဟာ system တစ်ခု မှာ အရေးကြီးပါတယ်။ ပုံမှန် programmer တစ်ယောက်ဟာ sql တွေ ရေးကောင်းရေးတတ် ပေမယ့် DBA လောက်တော့ database design ကောင်းအောင်, performance ကောင်းအောင် မဖန်တီး နိုင်ပါဘူး။
ကျောင်း project တွေမှာ row ၁ သောင်းလောက် ကို များပြီ လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ လက်တွေ့ အလုပ်လုပ်သည့် အချိန်မှာတော့ row တွေဟာ millions နဲ့ ချီပြီး အလုပ်လုပ်ရ သည့် အပိုင်းတွေ အများကြီး ရှိပါတယ်။ database ကို မြန်ဆန် အောင် ကောင်းမွန် သည့် design ဖြစ်အောင် basic ကနေ ဆက်ပြီး လေ့လာဖို့ တိုက်တွန်း လိုပါတယ်။
ထိန်လင်းရွှေ @ Saturngod
၂၇ ရက် အောက်တိုဘာ ၂၀၂၀
မနက် ၂ နာရီ ၃၉ မိနစ်